iPhone/iPodTouch 3.1.2 က အခုအချိန်မှာတော့ jailbreak လုပ်လို့ရသွားပါပြီ။ ဒါပေမယ့် blackra1n က RC 3 ပဲ ရှိပါသေးတယ်။ ဒါပေမယ့် jailbreak လုပ်လို့ရပါတယ်။ နောက်ပြီးတော့ Windows ကော Mac မှာပါရပါတယ်။ ပထမဆုံး အကြိမ် jailbreak လုပ်မယ်ဆိုရင်တော့ windows မှာပဲ လပ်လို့ပါတယ်။ iPhone/iPodTouch ကို usb တပ်လိုက်ပါ။ iTune (နောက်ဆုံး version ဖြစ်သင့်သည်) ကို ဖွင့်လိုက်ပါ။ ပြီးရင် blackra1n.exe ကို run လိုက်ပါ။ make it ra1n button ကို နှိပ်လိုက်ပါ။ jailbreak လုပ်တာနဲ့ ပတ်သက်ပြီး မစိုးရိမ်ပါနဲ့။ iTune ကနေ factory restore ပြန်လုပ်လို့ရပါတယ်။ စိတ်ချလက်ချနဲ့သာလုပ်ပါ။ မိနစ်အနည်းငယ်ကြာရင် iPhone/iPodTouch က restart ဖြစ်သွားပါလိမ့်မယ်။ ပြီးရင်တော့ jailbreak image လည်း ပေါ်လာပါလိမ့်မယ်။ iTune ကနေလည်း error message တက်လာပါလိမ့်မယ်။ ထားလိုက်ပါ။ image ပေါ်လာပြီး ခဏနေရင် ပြန်ပြီး restart ဖြစ်သွားပါမယ်။ပြန်တက်လာရင်တော့ jailbreak လုပ်ပြီးသားဖြစ်သွားပါပြီဗျာ။ blackra1n ကိုလည်း iPhone/iPod Touch မှာတွေ့ရပါလိမ့်မယ်။ အဲဒီကနေပြီးတော့ Cydia ကိုသွင်းပြီးရင် သင်လုပ်ဆောင်ချက်တွေ ပြီးဆုံးသွားပါပြီဗျာ။
Read More