ဒီ App က image နဲ့ PDF တွေကို convert လုပ်တဲ့အခါမှာ အလွန်အံဝင်ခွင်ကျ ဖြစ်တယ်။ အသုံးပြုရတာလွယ်ကူပြီးတော့ Macbook Gesture, Magic Mouse နဲ့ compatible ဖြစ်ပါတယ်။ Animation ဖြစ်တဲ့ Gif format တွေကိုလည်း အသုံးပြုလို့ရပါတယ်။ ဓာတ်ပုံ Format မျိုးစုံဖွင့်လို့ရပြီး  .pdf တွေပါ အသုံးပြုလို့ရတယ်လို့သိရပါတယ်။ ဓာတ်ပုံ Thumbnail တွေကြည့်ရှုနိုင်ပြီး PDF တွေကို Lock and Unlock ပြုလုပ်လို့ပါရပါတယ်။ Requirements က တော့ Mac OS X 10.6.6 ဖြစ်ပါတယ်။ Read More

If you want to make short cup of web app in mac, I recommend to use Fluid. Web applications like Gmail, Facebook, Campfire and Pandora are more look like desktop application. Why you don’t run app like in mac ? You can place in your dock bar and you can access easily to your web app.
Read More

Mac မှာ App ကို ဖျက်ချင်ရင် လွယ်ပါတယ်။ Trash ထဲကို ထည့်လိုက်ရုံပါပဲ။ လုံးဝကို ရှင်းချင်ရင်တော့ AppCleaner ကို သုံးဖို့ အကြံပြုချင်ပါတယ်။ AppCleaner က လွယ်လွယ်ကူကူ အသုံးပြုနိုင်ပြီး တစ်ချိန်တည်းမှာ App တွေ အများကြီး ကို remove လုပ်နိုင်ပါတယ်။
Read More

တကယ်လို့ PDF မှာ Author,Title,Subject စတာတွေကို ပြောင်းချင်ရင်တော့ PDFInfo ကို အသုံးပြုသင့်ပါတယ်။ Adobe Acrobat က ပြောင်းလို့ရပေမယ့် သူက free မဟုတ်ပါဘူး။ PDFInfo ဟာ free ဖြစ်ပြီး အသုံးပြုရတာ ရိုးရှင်းလွယ်ကူလှပါတယ်။
Read More


Read More

တစ်ခါတစ်လေ သင့် iPhone/iPodTouch ကို memory stick လို အသုံးပြုချမှာပါ။ ကျွန်တော်တို့မှာ storage အများကြီးရှိတဲ့ iPhone/iPodTouch ရှိနေပြီး ကျွန်တော်တို့ အချို့ file တွေကို backup လုပ်လို့မရတာလဲ။ ဘာကြောင့် file တွေကို သယ်သွားလို့မရတာလဲ။ ဟုတ်ကဲ့။ အဲလိုမျိုးလိုချင်ရင်တော့ iPhone Explorer ကို အသုံးပြုနိုင်ပါတယ်။ Jailbreak လုပ်ဖို့လိုလား။ အဖြေကတော့ မလိုပါဘူး။ သူက Mac ကော Windows မှာပါ အလုပ်လုပ်ပါတယ်။ USB ကြိုးနဲ့ ချိတ်လိုက်ရုံပါပဲ။ ပြီးရင် iPhone Explorer ကနေ တဆင့် file တွေကို memory stick (thumb drive) လိုမျိုး ဆောင်ရွက်နိုင်ပါပြီ။
Read More

Unarchiver ဟာ Mac OS X အတွက် အခြား utilities တစ်ခုပါ။ ကျွန်တော်တို့တွေ mac မှာ rar, 7zip, CAB အပြင် အခြား compress file တော်တော်များများကို ဖြည်ချလို့မရပါဘူး။ အဲဒီအတွက် စိတ်ညစ်စရာမလိုပါဘူး။ Unarchiver က သင့်ကို အကူအညီပေးပါလိမ့်မယ်။ Unarchiver ဟာ အရမ်းကောင်းပြီး သုံးရလွယ်ပါတယ်။ သူ့ကို Installed သွင်းပြီးရင် double click လုပ်ပြီး file တွေကို extract လုပ်ရုံပါပဲ။ Mac OS X မှာ ရှိတဲ့ Zip အသုံးပြုသလိုပါပဲ။ ဒါပေမယ့် သူက compress တော့ လုပ်လို့မရပါဘူး။ Unarchiver ကို မဖြစ်မနေသွင်းထားသင့်ပါတယ်။ သူက သင်ရဲ့ Mac ကို အသုံးပြုရတာ ပိုလွယ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
Read More

Burn ဆိုတာကတော့ CD/DVD burn software တစ်ခုပြီး free ရရှိတဲ့ application တစ်ခုပါ။ Burn ရဲ့GUI ဟာ ရိုးရှင်းလွယ်ကူပြီးတော့ ပေါ့ပေါ့ပါးပါးလည်း ရှိပါတယ်။ သာမာန် သုံးစွဲသူ တစ်ယောက်အနေနဲ့ Burn software ကို အသုံးပြုပြီး CD/DVD အခွေများကို လွယ်လင့်တကူ ကူးနိုင်ပါတယ်။ Burn မှာ Audio CD လုပ်ခြင်း Video DVD လုပ်ခြင်း feature ပါဝင်ပါတယ်။ Mac OS ရှိ default burn က အဲဒီ ၂ ခုကို support မလုပ်နိုင်ပါဘူး။Burn မှာ Data burning ပါရှိပြီး ရိုးရိုး ပုံမှန်ကူးတဲ့ နည်းထက်စာရင် ပိုမို စိတ်ချရပါတယ်။ Read More

xchm ဟာ chm viewer တစ်ခုပါ။ Linux မှာလည်း အသုံးပြုလို့ရပါတယ်။ xchm က CHM တွေအတွက် တော်တော်ကောင်းပါတယ်။ Mac မှာ ရှိတဲ့ CHM viewer တော်တော်များများဟာ Index ပိုင်း မပါဝင်ပါဘူး။ xchm  မှာ Content, Index, Search စတာတွေ ပါဝင်ပြီး Windows မှာ အတိုင်းပါပဲ။ xchm မှာ free ဖြစ်ပြီး opensource လည်း ဖြစ်ပါတယ်။ GUI design က ကြည့်ရတာ မကောင်းပေမယ့် Mac ထဲမှာ ရှိတဲ့ Chm viewer တွေထဲမှာတော့ တော်တော်လေးကို ကောင်းပါတယ်။
Read More

Quicksilver ဆိုတာကတော့ computer utilities program တစ်ခုဖြစ်ပြီး Blacktree Software ကလုပ်ထားတာပါ။ အခမဲ့ဖြစ်ပြီးတော့ တော်တော်လေးကို သုံးလို့ကောင်းတဲ့ software ပါ။ Mac OS X အတွက်တော့ သွင်းကိုသွင်းသင့်တဲ့ software တစ်ခုဆိုလည်း မမှားပါဘူး။ Windows မှာ သုံးခဲ့ဘူးတဲ့ run နဲ့ဆင်ပြီးတော့ Linux မှာတော့ Gnome-Do နဲ့တူပါတယ်။ ကျွန်တော်တို့တွေအနေနဲ့application နဲ့ file တွေကို လွယ်လွယ်ကူကူနဲ့ ရှာလို့ရပါတယ်။ သုံးသင့်တဲ့ software wစ်ခုဖြစ်ပြီးတော့ Gnome-Do ထက်ကော run ထက်ပါ သာပါတယ်။ တကယ်လို့ သင်က Windows ကနေ ဒါမှမဟုတ် Linux ကနေ Mac ကိုပြောင်းလာတာဆိုရင်တော့ Quicksilver ကို အရမ်းကိုသဘောကျမှာအမှန်ပဲဗျာ။
Read More

Page 1 of 212
Designed By Saturngod