Mac ရဲ့ Finder မှာ hidden file တွေ မပြပါဘူး။ တကယ်လို့ မြင်ချင်တယ်ဆိုရင် လွယ်လွယ်လေး လုပ်လို့ရပါတယ်။ ဥပမာ။ ။ .htaccess က web development အတွက် လိုပါတယ်။
၁။ Terminal ကိုဖွင့်ပါ။
၂။ terminal တွင် အောက်ပါအတိုင်း ရိုက်လိုက်ပါ။
$defaults write com.apple.finder AppleShowAllFiles TRUE
$killall Finder
တကယ်လို့ hidden file များ မပြချင်ဘူးဆိုရင် အပေါ်က command TRUE ဆိုသည့်နေရာတွင် FALSE လုပ်လိုက်ပါ။