Jing ဟာ screen capture နဲ့ record software ဖြစ်ပြီး mac မှာ အသုံးပြုနိုင်ပါတယ်။ သူက free ဖြစ်ပြီးတော့ ကောင်းမွန်တဲ့ feature တွေပါဝင်ပါတယ်။ သင့်အနေနဲ့ screen ကို capture လုပ်ချင်တယ်။ နောက်ပြီးတော့ မျှားတွေထိုးပြမယ်။ လိုအပ်တဲ့နေရာတွေကို ဝိုက်ပြမယ်။ ပြီးရင် upload လုပ်လို့ရတယ်။ ပြီးတာနဲ့ link ရလာမယ်။ သင့်အနေနဲ့ အခြားသူတွေကို link လေး share ပေးလိုက်ရုံပါပဲ။ လွယ်လွယ်လေးနဲ့ လုပ်လို့ရပါတယ်။ စက်ထဲမှာ သိမ်းလို့ရလား။ ရတာပေါ့ဗျာ။ ဒါပေမယ့် screen record လုပ်တဲ့အခါမှာတော့ swf ကိုပဲ record လုပ်ပေးနိုင်ပါတယ်။ အဲဒါကတော့ တော်တော်လေးကို ဆိုးတယ်။ တကယ်လို့ MPEF-4 နဲ့လိုချင်ရင်တော့ Jing Pro ကို ဝယ်ဖို့လိုပါတယ်။ ဒါပေမယ့် free version ကတော့ ကျွန်တော်တို့အတွက် ပုံတွေကို share ဖို့ desktop ကို video record လုပ်ပြီး ပြဖို့လောက်ဆိုရင်တော့ လုံလောက်နေပါပြီဗျာ။
Read More

Designed By Saturngod